top of page

မိဘများသိထားသင့်သော သားသမီးတို့ရဲ့ နိုင်ငံခြားပညာသင်လမ်းကြောင်းများ အပိုင်း (၁)

  • Writer: KK AungMyint
    KK AungMyint
  • Dec 27, 2024
  • 1 min read


နိုင်ငံခြားကျောင်းတက်မယ်ဆို ဘယ်လိုပညာအရည်အချင်းတွေရှိထားဖို့ လိုအပ်ပါမလဲ ?


  • အစိုးရကျောင်းတက်သူ/ ပုဂ္ဂလိကကျောင်းတက်သူတွေဆိုရင် သင်ရိုးသစ်အရ Grade 12 အောင်လတ်မှတ် / သင်ရိုးအဟောင်းအရ ဆယ်တန်းအောင်လတ်မှတ် + ပထမနှစ်အောင်လတ်မှတ် နဲ့ နိုင်ငံခြားတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ် နိုင်ငံတကာအသိမှတ်ပြုဖြစ်ပါတယ်

  • International School အင်္ဂလိပ်ကျောင်းတက်သူတွေဆိုရင် IGCSE A Level အောင်မြင်ပြီးလျှင် နိုင်ငံခြားတက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ် နိုင်ငံတကာအသိမှတ်ပြုဖြစ်ပါတယ်

  • နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ အသက် ၁၈ နှစ် နှင့်အထက် အထက်တန်းကျောင်းမပြီးသေးသူများအတွက် GED အောင်လတ်မှတ်ဖြင့် နိုင်ငံခြားတက္ကသိုလ်များကို လျှောက်ထားနိုင်ပါတယ် အမေရိကန်နိုင်ငံတွင် တက္ကသိုလ်အများစုက အသိမှတ်ပြုထားပြီး ကနေဒါနိုင်ငံနှင့် အခြားနိုင်ငံအချို့တွင်လည်း တက္ကသိုလ်အလိုက် အသိမှတ်ပြုပါတယ်

  • တက္ကသိုလ်ပေါ်မူတည်ပြီး ထပ်မံတောင်းဆိုချက်တွေရှိသလို အမှတ်စာရင်း၊လက်ခံမှုနှုန်းတွေကလည်း ကွာခြားပါတယ်

  • Ranking မြင့်ကျောင်းများကို လျှောက်မယ်ဆိုလျှင် GED လတ်မှတ်ကလက်ခံဖို့ခဲယဉ်းပါတယ် ဒါ့အပြင် အထက်တန်း/IGCSE A များမှာ အမှတ်ကောင်းဖို့ လိုသည့်အပြင် နိုင်ငံပေါ်မူတည်ပြီး SAT/ ACT/ AP စသဖြင့် ဆက်လက်ဖြေဆိုရပါသေးတယ် ဒီစာမေးပွဲများကိုပါ အမှတ်ကောင်းကောင်းအောင်မြင်ထားတယ်ဆို ပညာသင်ဆုကို ရာခိုင်းနှုန်းတစ်ခု ရနိုင်ပါတယ်

  • အင်္ဂလိပ်စာအရည်အသွေးအတွက် IELTS / TOFEL/ DUOLINGO စသဖြင့် ရွေးချယ်ဖြေဆိုနိုင်သော်လည်း IELTS, နဲ့ TOFEL ကတော့ တက္ကသိုလ်တိုင်း လက်ခံပါတယ် အင်္ဂလိပ်စာအရည်အသွေးစစ်လတ်မှတ်ကတော့ တက္ကသိုလ်မြင့်များကို သွားလိုသူများအတွက် မဖြစ်မနေလိုအပ်ပြီး ပုံမှန်တက္ကသိုလ်တက်မမည့်သူများအတွက်ကတော့ ဝင်ခွင့်လိုအပ်ချက်အရ ပြထားတတ်သော်လည်းတက္ကသိုလ်ပေါ်မူတည်ပြီး လိုအပ်မှုက ပြန်ကွာနိုင်ပါတယ်

  • အထက်က ပြောခဲ့တဲ့ လတ်မှတ်တွေ မရရှိထားသေးသူများ (သို့) ဖြေပြီးသော်လည်း ဝင်ခွင့်အမှတ်မမှီသေးသူများအတွက် .. ယခုနောက်ပိုင်းမှာ တက္ကသိုလ်အချို့အတွင် ထိုတက္ကသိုလ်မှ ဖွင့်သော foundation program ကို တက်ရောက်ပြီး အောင်မြင်ပါက ထိုတက္ကသိုလ်မှာပဲ ဆက်လက်တက်ရောက်နိုင်ပါတယ် အခြားတက္ကသိုလ်များကိုတော့ မတက်ရောက်နိုင်ပါဘူး

  • အထက်ဖော်ပြတဲ့ နည်းလမ်းတစ်ခုစီတိုင်းမှာ (၁)ကုန်ကျစရိတ် (၂)အခွင့်အလမ်း (၃)သင်ကြားမှုစနစ် (၄)အချိန်ကာလ(၅)ကျွမ်းကျင်မှု တွေအရ အားသာချက် အားနည်ချက်တွေရှိပါတယ်

အသေးစိတ်ကို နောက်ပို့စ်တွေမှာ ဖော်ပြပေးသွားမှာမို့ ပညာရေးဖြင့်အလှမ်းဝေးလျက်ရှိသောမိဘများအနေဖြင့် မိမိတို့ သားသမီးများရဲ့ ပညာရေးနဲ့ ပတ်သတ်ပြီး ကိုယ်တိုင်ကိုယ်ကျ သိနားလည်ထားနိုင်ဖို့ 𝙆𝙖𝙞𝙯𝙚𝙣 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣𝙖𝙡 & 𝘿𝙚𝙫𝙚𝙡𝙤𝙥𝙢𝙚𝙣𝙩 𝘾𝙚𝙣𝙩𝙚𝙧 Facebook Page ကို 𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 ထားနိုင်ပါတယ်



shared by

Kaizen Education & Development Center

CHANGE for the BETTER (ပိုကောင်းမွန်ဖို့ ပြောင်းလဲပါ)

LEARN for CONTINUOUS IMPROVEMENT (အစဉ်တိုးတက်ဖို့ သင်ယူလေ့လာပါ)

Comments


Commenting on this post isn't available anymore. Contact the site owner for more info.
  • Youtube
  • Instagram
  • TikTok
  • Facebook

© 2024 by Kaizen Education and Development Center.

bottom of page